၁။ ကျန်းမာရေးဆိုင်ရာသတိပေးချက်
BINFO Application ၏ ဝန်ဆောင်မှုများ နှင့် အခြားဆက်စပ် ဝန်ဆောင်မှုများကို ကျန်းမာကြံ့ခိုင်သော အရွယ်ရောက်သူ များ သာရယူ သုံးစွဲ နိုင် ရန် ရည်ရွယ်ဖန်တီး ထားခြင်းဖြစ်ပြီး သတ်မှတ် အသက်အရွယ်မပြည့်မှီသူများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် လုံလောက်သည့် ကျန်းမာရေးကောင်းမွန်မှုမရှိသူ များသုံးစွဲ ခြင်းကို အထူး တားမြစ်ပါသည်။ သင်သည် လုံလောက်သည့် ကျန်းမာရေးကောင်းမွန်မှုမရှိသူ တစ်ဦးဖြစ်ခြင်း (သို့မဟုတ်) ကျန်းမာရေး အားနည်းချက်အရ ရှိသူ အဖြစ် မိမိကိုယ်မိမိ ယူဆပါက ကျွန်ုပ်တို့၏ ခန္ဓာကိုယ် အလေးချိန် လျော့ချခြင်း ၊ အစားအသောက် ဆိုင်ရာ ဝန်ဆောင်မှုတို့ နှင့် အခြားဆက်စပ် သည့် ဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်း မပြုမှီ ဆရာဝန် (သို့မဟုတ်) ကျန်းမာရေး ဆိုင်ရာ ပညာရှင်များဖြင့် ဦးစွာတိုင်ပင်ဆွေးနွေးပြီးမှသာ၄င်းတို့၏အကြံပြုချက်နှင့်အညီရယူသုံးစွဲသင့်ကြောင်း ကြိုတင် သတိပေးလိုပါသည်။ ကျွန်ုပ်တို့၏ BINFO နှင့် ၎င်း၏ ဆက်စပ်သည့် နည်းပညာများနှင့် လုပ်ဆောင်ချက်များ သည် သက်ဆိုင်ရာ ပြည်တွင်း ကျွမ်းကျင် ပညာရှင်များ၏ လမ်းညွှန်ချက်များ နှင့် သုတေသနပြုလေ့လာချက်များနှင့်အညီ စီစဥ် ဖန်တီးထားသော်လည်း Binfo သည် ကျန်းမာရေးနှင့်ရောဂါ ကုသရေးဆိုင်ရာ အဖွဲ့ အစည်း တစ်ရပ် မဟုတ်သည့် အပြင် ကျန်းမာရေး နှင့် ရောဂါ ကုသရေးဆိုင်ရာ အကြံဉာဏ်များလဲ ပေးနိုင်မည်မဟုတ်ပါ။ သင့်အနေဖြင့် BINFO Application ၏ ဝန်ဆောင်မှုများကို အသုံးပြု၍ ခန္ဓာကိုယ် အလေးချိန် လျော့ချရာတွင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့အစည်း (World Health Organization) ၏ လမ်းညွှန်ချက် ဖြစ်သော တနေ့တာ အနည်းဆုံး ၂၀၀၀ ကယ်လိုရီစားသုံးရန် အထူးလိုအပ်ကြောင်း သတိပေးလိုပါသည်။ သင်သည် ကိုယ်အလေးချိန်ကျဆင်းသည့် ရောဂါ (Anorexia Nervosa) သို့မဟုတ် အစာအလွန်အမင်းစားသောရောဂါ (Bulimia Nervosa) သို့မဟုတ် ၄င်းရောဂါများနှင့် အလားသဏ္ဌာန်တူသော ရောဂါတစ်မျိုးမျိုး ရှိသူ၊ ဆေးကုသမှုခံယူနေသူ ဖြစ်ပါက BINFO Application ၏ ဝန်ဆောင်မှုများကိုလုံးဝ အသုံးမပြုရန်နှင့် အသုံးပြုပါက ကျွမ်းကျင်သောဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် ဦးစွာတိုင်ပင်ပြီးမှသာ အသုံးပြုရန် အထူးသတိပေးလိုပါသည်။
၂။ ကျွန်ုပ်တို့ အကြောင်း
BINFO Mobile Application သည် Earthlike Co., Ltd. ၏ နည်းပညာဆိုင်ရာထုတ်ကုန်တစ်ခုဖြစ်သည်။ Earthlike၊ BINFO နှင့် ၎င်း၏ ဆက်စပ်သည့် နည်းပညာများနှင့် လုပ်ဆောင်ချက်များ (စုစည်း၍ "ဝန်ဆောင်မှုများ") ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ကုမ္ပဏီများ မှတ်ပုံတင်ရုံးတွင် ကုမ္ပဏီနံပါတ် 134055960 နှင့် မှတ်ပုံတင် ရုံးခန်းလိပ်စာ အမှတ်(၃၆)၊ သံတမန်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများအောက်တွင် တရားဝင် ဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခုဖြစ်သော Earthlike Co., Ltd. (ဤမှစ၍ နောင်တွင် "BINFO"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) က ပံ့ပိုးပေးထားပြီး လည်ပတ်ဆောင်ရွက်ပါသည်။ (အောက်တွင် သတ်မှတ်ထားသည့်အတိုင်း) ဤသဘောတူညီချက်တွင် "သင်" နှင့် "သုံးစွဲသူ" ဆိုသည်မှာ ဝန်ဆောင်မှုများကို အသုံးပြုသူ နှင့်/သို့မဟုတ် ဝင်ရောက် သုံးစွဲသူ မည်သူကိုမဆို ရည်ညွှန်းပါသည်။
၃။ ဤသဘောတူညီချက်၏ ရည်ရွယ်ချက်
ဤသုံးစွဲသူ သဘောတူညီချက် (End User Agreement) ၊ ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက်နှင့် ဝန်ဆောင်မှုများမှတစ်ဆင့် ထုတ်ပြန်ထားသော သို့မဟုတ် ရနိုင်အောင် ပြုလုပ်ထားသော အခြားမူဝါဒများနှင့် သတင်းအချက်အလက်များ (စုစည်း၍ ဤ "သဘောတူညီချက်") သည် ဝန်ဆောင်မှုများကို သင်၏ ရယူအသုံးပြုမှု၊ ဝင်ရောက် သုံးစွဲမှုတို့နှင့် စပ်လျဉ်း၍ သင်နှင့်သက်ဆိုင်သည့်၊ သင်လိုက်နာရမည့် စည်းကမ်းချက်နှင့် သတ်မှတ်ချက်များ ဖြစ်ပါသည်။
ကျွန်ုပ်တို့က မည်သူမည်ဝါ ဖြစ်သည်၊ ကျွန်ုပ်တို့က သင့်ထံ ဝန်ဆောင်မှုများကို မည်သို့မည်ပုံ ပံ့ပိုးပေးသည်၊ ဝန်ဆောင်မှုများတွင် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ဆက်စပ်ပြီး ခွင့်ပြုထားသည့် လုပ်ဆောင်ချက်များနှင့် ခွင့်ပြုမထားသည့် လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုတွင် ပြဿနာတစ်ခုရှိလာပါက လုပ်ဆောင်ရမည့် အရာနှင့် အခြားအရေးကြီးသော အချက်အလက်များကို ဤသဘောတူညီချက်တွင် ဖော်ပြထားပါသည်။ ဝန်ဆောင်မှုများကို ရယူအသုံးပြုခြင်း (သို့မဟုတ်) သုံးစွဲခြင်း၊ ဝင်ရောက်သုံးစွဲခြင်း သို့မဟုတ် အသုံးပြုခြင်းအားဖြင့်သင်သည် ကျွန်ုပ်တို့နှင့်အတူ တရားဝင်လိုက်နာရမည့် သဘောတူစာချုပ်ကို ချုပ်ဆိုပြီးဖြစ်သကဲ့သို့ ဤသဘောတူညီချက်ပါ သင်နှင့်သက်ဆိုင်သည့်၊ သင်လိုက်နာရမည့် စည်းကမ်းချက်နှင့် သတ်မှတ်ချက်များ ကို သဘောတူညီမှုပြုလိုက်ခြင်း ဖြစ်သည်ဟုမှတ်ယူရမည်ဖြစ်သည်။ ဤသဘောတူညီချက်ကို သင် လက်မခံပါက ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲခြင်း (သို့မဟုတ်) အသုံးပြုခြင်း မပြုလုပ်ရပါ။
၄။ သတ်မှတ်ချက်ပြည့်မီမှု
သင်သည် ဤသုံးစွဲသူ သဘောတူညီချက်ပဋိညာဥ်ကိုပါဝင် ပြုလုပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများ အရပြုလုပ်ပိုင်ခွင့်ရှိသည့် အသက် ("သဘောတူညီချက်ပဋိညာဥ်ပြုနိုင်ခွင့်ရှိသည့် အသက်") ပြည့်မှီပြီး သူ၊ စိတ်ပေါ့သွပ်ခြင်းမရှိသူဖြစ်ရမည်။
သင်သည် သဘောတူညီချက်ပဋိညာဥ်ပြုနိုင်သည့် အသက်ပြည့်ပြီး ဖြစ်ပါက သင်သည် အောက်ပါတို့ကို လိုက်နာလုပ်ဆောင်မည်ဟု သဘောတူပါသည်-
(က)ဤသဘောတူညီချက်ပဋိညာဥ်ထဲရှိတာဝန်ဝတ္တရားအားလုံးကိုလိုက်နာဆောင်ရွက်ရန်ခြွင်းချက်မရှိအာမခံ ပါမည်၊
(ခ) ဤသဘောတူညီချက်ပဋိညာဥ်အရ သို့မဟုတ် ဤသဘောတူညီချက်ပဋိညာဥ် နှင့် စပ်လျဉ်းပြီး ရယူသုံးစွဲသည့် (သို့မဟုတ်) အသုံးပြုသည့် ဝန်ဆောင်မှုများ အတွက်သတ်မှတ်ထားသည့် ပေးရန်ရှိသော ဝန်ဆောင်ခ ငွေကြေး နှင့် အား ဆက်စပ်သည့် ငွေကြေးအားလုံးကို BINFO က သင့်အား အသိပေးအကြောင်းကြားထားသည့် သတ်မှတ်ကာလအတွင်း BINFO သို့ မပျက်မကွက် ပေးပါမည်၊
(ဂ) သီးခြား အဓိက တာဝန်တစ်ရပ်အနေဖြင့် သင်သည် စည်းမျဉ်းတစ်ခုခု သို့မဟုတ် စည်းမျဉ်းအားလုံးအောက်ရှိ သင့်တာဝန် ဝတ္တရားများကို လိုက်နာရန် ပျက်ကွက်မှုကြောင့် သို့မဟုတ် ၎င်းနှင့် သက်ဆိုင်သမျှကို သင်၏ ငြင်းဆိုမှုကြောင့် BINFO က ကြုံရသည့် ဆုံးရှုံးမှုများ၊ ကျသင့်ငွေများ၊ ကုန်ကျစရိတ်များ၊ ပျက်စီးဆုံးရှုံးမှုများ၊ နစ်နာကြေး တောင်းဆိုမှုများ သို့မဟုတ် ပေးရန်တာဝန်ရှိမှုများအတွက် BINFO ကို ခြွင်းချက်မရှိ၊ ယတိပြတ် လျော်ကြေးပေးမည်ဖြစ်ကြောင်းကိုလည်း သဘောတူပါသည်။
အာမခံသူနှင့် တာဝန်ယူသူအဖြစ် သင်၏ တာဝန်ဝတ္တရားများသည် အဓိက တာဝန်ခံသူ၏ တာဝန်ဝတ္တရားများပင် ဖြစ်ပြီး ဤသဘောတူညီချက် တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ အကျုံးမဝင်မှု သို့မဟုတ် ပြဋ္ဌာန်း၍ မရနိုင်မှုက မည်သို့ပင် ရှိစေကာမူ ထိုတာဝန်ဝတ္တရားများက ရှိနေမည်ဖြစ်ကြောင်းကို သင်က ဆက်လက်၍ သဘောတူပါသည်။
အာမခံသူနှင့် တာဝန်ယူသူအဖြစ် သင်၏ တာဝန်ဝတ္တရားများသည် အောက်ပါ အချက်တစ်ခုခုကြောင့် ထိခိုက်ခံရခြင်း နှင့်/သို့မဟုတ် ပျက်ပြယ်သွားခြင်း မရှိရကြောင်းကိုလည်း သင်က ဆက်လက် သဘောတူပါသည်-
(က) ဤသဘောတူညီချက်ပဋိညာဥ်အောက်ရှိ ကျွန်ုပ်တို့၏ အခွင့်အရေးများ နှင့်/သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ကျွန်ုပ်တို့က ရပ်စဲခြင်း၊ ပြောင်းလဲခြင်း၊ လွှဲပြောင်းပေးခြင်း၊ အစားထိုးခြင်း သို့မဟုတ် တစ်ဆင့်ခံ စာချုပ်ချုပ်ဆိုခြင်း၊
(ခ) ဤသဘောတူညီချက်အရ BINFO က ၄င်း၏ လုပ်ပိုင်ခွင့်များကို အားလုံးဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ၊ စွန့်လွှတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ကာလ သတ်မှတ်ခွင့်ပြုပေးခြင်း၊
(ဂ) ငွေပေးချေရန် BINFO က တောင်းဆိုမှု သို့မဟုတ် သတ်မှတ်ပြဋ္ဌာန်းမှု၊
(ဃ) ပြည်တွင်း ပြည်ပ အပါအဝင် အခြား ပြင်ပအဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) လူပုဂ္ဂိုဟ် တစ်ဦးဦး နှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် လုပ်ငန်းပိုင်းအရ (သို့မဟုတ်) လုပ်ငန်းသဘောသဘာဝအရ ဆက်ဆံ ဆောင်ရွက်ခြင်း၊
(င) ဤသဘောတူညီချက်အောက်ရှိ သင်၏ ပေးရန်တာဝန်များအပေါ် (အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ) တစ်နည်းနည်းဖြင့် သက်ရောက်စေနိုင်သည့် နှင့်/သို့မဟုတ် ပျက်ပြယ်စေနိုင်သည့် လုပ်ရပ်များ သို့မဟုတ် လုပ်ရပ်များကို ချန်လှပ်မှု၊
(စ) ပေးချေရမည့်အချိန် ရောက်သော်လည်း သင်၏ အကြွေးများကို မဆပ်နိုင်ခြင်းနှင့်
(ဆ) အပြည့်အဝ ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဤသဘောတူညီချက်အောက်ရှိ သင်၏ တာဝန်ဝတ္တရားများကို ပျက်ပြယ်စေခြင်းနှင့် စပ်လျဉ်းပြီး BINFO က သင့်ကို ထုတ်ပြန်ကြေညာချက်မှန်သမျှ သို့မဟုတ် အပြည့်အဝ ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ သင်၏ ပေးရန်တာဝန်များနှင့် စပ်လျဉ်းပြီး ညှိနှိုင်းမှုနှင့် ပတ်သက်၍ သင့်ကို ထုတ်ပြန်ကြေညာချက် မှန်သမျှ။
၅။ ဝန်ဆောင်မှုများကို ဝင်ရောက်သုံးစွဲခြင်း
ဤသဘောတူညီချက်အရနှင့် ဤသဘောတူညီချက်အပေါ် မူတည်ပြီး ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲရန်နှင့် အသုံးပြုရန် ကျွန်ုပ်တို့က သင့်ကို ကန့်သတ်ထားသော၊ အထူးသီးသန့်မဟုတ်သော၊ လွှဲပြောင်း၍ မရနိုင်သော၊ တစ်ဆင့်ခံ လိုင်စင်ပေး၍ မရနိုင်သော၊ ပြန်လည်ရုပ်သိမ်းနိုင်သော လိုင်စင်ကို တရားဝင် ပေးအပ်လိုက်ပါသည်။
BINFO USER ID
သင်သည် အပိုဒ် ၆ (က) ပါ BINFO USER များ အတွက် ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲရန် သို့မဟုတ် အသုံးပြုရန် လိုအပ်သော အချက်အလက်များ ထည့်သွင်း၍ BINFO USER ID တစ်ခုမှတ်ပုံတင် ဖွင့်လှစ် ရန်လိုအပ်သည်။
BINFO PLUS ID
သင်သည် Gym Trainer ၊ Meal Planner ၊ Nutrition Coach သို့မဟုတ် BINFO Application မှတဆင့် ချိတ်ဆက်၍ BINFO USER များကို တဆင့်ခံ ဝန်ဆောင်မှုပေးသောကျွမ်းကျင်သူပညာရှင်တစ်ဦးဖြစ်ပါက အပိုဒ် ၆ (ခ)ပါ BINFO PLUS အတွက် ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲရန် သို့မဟုတ် အသုံးပြုရန် လိုအပ်သော အချက်အလက်များ ထည့်သွင်း၍ BINFO PLUS ID တစ်ခုမှတ်ပုံတင် ဖွင့်လှစ် ရန်လိုအပ်သည်။
၆။ ဝန်ဆောင်မှုများ
(က) BINFO USER ID များအတွက် ဝန်ဆောင်မှုများ
BINFO USER ID များသည် ကျန်းမာရေးနှင့် အညီ ခန္ဒာကိုယ်အလေးချိန်လျော့ချခြင်း နှင့် ကျန်းမာကြံ့ခိုင်ရေး ဆိုင်ရာ အကြံပေးချက်များ၊ လေ့ကျင့်ခန်းအစီအစဥ်များ၊ ကျန်းမာရေးဆိုင်ရာအားကစားခန်းမ (Gym) တည်နေရာနှင့်သတင်း အချက်အလက်များရှာဖွေခြင်း ဝန်ဆောင်မှု၊ အစားအသောက်အဟာရအစီအစဥ်ဆိုင်ရာ ဝန်ဆောင်မူများ ၊ အစားအသောက်များတွင်ပါဝင်သည့် အဟာရဆိုင်ရာ တွက်ချက်ဖော် ပြမူများကျန်းမာရေးနှင့် ညီညွတ်သည့်နေထိုင်မူဆိုင်ရာနည်းလမ်း အကြံပေးချက်များ ၊အသိပညာမျှဝေမူများ အစရှိသည့် ဝန်ဆောင်မူများနှင့် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူပညာရှင်များ၏ ပို့ချချက်များ ၊ ခန္ဒာ ကိုယ်အလေး ချိန်လျော့ချခြင်း နှင့် ကျန်းမာကြံ့ခိုင်ရေး ဆိုင်ရာ အခပေးအစီအစဥ်များ ၊ သင်တန်းများ ကို BINFO Application မှတဆင့်ရှာဖွေရယူ သုံးစွဲနိုင်သည်။
(ခ) BINFO PLUS USER ID များအတွက် ဝန်ဆောင်မှုများ
BINFO PLUS USER ID များသည် BINFO Application မှတဆင့် ချိတ်ဆက်၍သတ်မှတ်ထားသည့် အခကြေးငွေတစုံတရာ သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ရယူ၍ BINFO USER ID များကို နေ့စဥ် (သို့မဟုတ်) အပတ်စဥ် (သို့မဟုတ်) လစဥ် (သို့မဟုတ်) ကာလအပိုင်းအခြားတစ်ခုအတွက် ကျန်းမာရေးနှင့် အညီ ခန္ဒာကိုယ်အလေးချိန်လျော့ချခြင်း နှင့် ကျန်းမာကြံ့ခိုင်ရေး ဆိုင်ရာ အကြံပေးခြင်း၊ လေ့ကျင့်ခန်းအစီအစဥ်များ ရေးဆွဲပေးခြင်း၊ အစားအသောက်အဟာ ရအစီအစဥ်များရေးဆွဲပေးခြင်း နှင့်အကြံပေးခြင်း ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သည်။ BINFO PLUS USER ID များသည် Gym Trainer ၊ Meal Planner ၊ Nutrition Coach သို့မဟုတ် သက်ဆိုင်ရာ ဝန်ဆောင်မှုပေးမည့် နယ်ပယ်အလိုက်ကျွမ်းကျင်ပညာရှင် ဖြစ်ရန်လိုအပ်ပြီး BINFO PULS ID တစ်ခုမှတ်ပုံတင် ဖွင့်လှစ်ရာတွင် ကျွမ်းကျင်ပညာရှင်ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ် (သို့မဟုတ်) BINFO ကတောင်းဆိုသည့် အသိအမှတ်ပြုလက်မှတ်တစ်မျိုးမျိုး နှင့် သတ်မှတ်ထားသည့် အတတ်ပညာဆိုင်ရာအချက် အလက်များ ကို BINFO သို့ သတ်မှတ်ထားသည့်နည်းလမ်းအတိုင်း ဦးစွာတင်ပြရမည်။ အဆိုပါ တင်ပြချက်များကို စစ်ဆေးပြီး BINFO PULS ID မှတ်ပုံတင်ခြင်းကို ခွင့်ပြုနိုင်သည် (သို့မဟုတ်) ငြင်းဆန်နိုင်သည်။ BINFO PULS ID မှတ်ပုံတင်ခြင်းကို ခွင့်ပြုပါက အလုပ်လုပ်ရက် (၃) ရက်အတွင်း E-mail မှ တဆင့်အသိပေးမည်ဖြစ်သည်။
(ဂ) BINFO PLUS USER ID များသည် BINFO Application မှတဆင့် ချိတ်ဆက်၍ BINFO USER ID များကို BINFO က ပံ့ပိုးသည့် Massaging System အသုံးပြု၍ ဝန်ဆောင်မှုပေးရမည်ဖြစ်သည်။ BINFO သည် Massaging System အသုံးပြုရာတွင် သတင်းအချက်အလက်များကို နည်းပညာအရ လုံခြုံမှုရှိစေရန် အစွမ်းကုန် ဆောင်ရွက်ထားရှိသော်လည်း ရာနှုန်းပြည့် လုံခြုံမှုကို အာမမခံနိုင်ပါ။ အသုံးပြုသူများ အနေဖြင့် မိမိ၏ ကိုယ်ရေးအချက်အလက်များ နှင့် အရေးကြီးသော လူသိမခံလိုသည့် ကျန်းမာရေးဆိုင်ရာအချက် အလက်များကို အခြားအသုံးပြုသူ BINFO PLUS USER ID အား မျှဝေ အသိပေးခြင်းမပြုလုပ်သင့်ပါ။
(ဃ) BINFO ကို Android OS နှင့် IOS အသုံးပြုသော မိုဘိုးဖုန်း များတွင် အက်ပလီကေးရှင်း တစ်ခုအဖြစ် သုံးစွဲနိုင်သည့်အပြင် BINFO Website (www.)တွင်လဲ ဝင်ရောက်အသုံးပြုပြီး အထက်ဖော်ပြပါဝန်ဆောင်မှုများ ကိုရယူနိုင် သည်။ (www.binfo.app )
၇။ ပြင်ပ အဖွဲ့အစည်း ဝန်ဆောင်မှုများ
BINFO ၏ဝန်ဆောင်မှုများမှတစ်ဆင့် ပြင်ပအဖွဲ့အစည်း အက်ပ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်းအားဖြင့် သင့်အား အက်ပ်များကို ပံ့ပိုးပေးရန်အတွက် သင်သည် ပြင်ပ အဖွဲ့အစည်း ဆော့ဖ်ဝဲရေးသားသူများ (ဤမှစ၍ နောင်တွင် "ဆော့ဖ်ဝဲရေးသားသူ" အဖြစ် ရည်ညွှန်းထားပါသည်) နှင့် စာချုပ်တစ်ခု ချုပ်ဆိုရမည်ဖြစ်သည့်အပြင် ဆော့ဖ်ဝဲရေးသားသူက ပြဋ္ဌာန်းထားသော ဝန်ဆောင်မှု သဘောတူညီချက် နှင့်/သို့မဟုတ် သုံးစွဲသူ လိုင်စင် သဘောတူညီချက် ("End User License Agreement ဤမှစ၍ နောင်တွင် EULA ဟုရည်ညွှန်းပါမည်") ကို လိုက်နာရမည်ဖြစ်ကြောင်း သိရှိရာရောက်ပါသည်။ BINFO သည် သင်နှင့် ဆော့ဖ်ဝဲရေးသားသူကြားရှိ EULA တွင် ပါဝင်သော အဖွဲ့အစည်းတစ်ရပ် မဟုတ်ပါ။ ဆော့ဖ်ဝဲရေးသားသူ၏ ဝန်ဆောင်မှု သဘောတူညီချက်များ၊ EULA များနှင့် သီးသန့်မူဝါဒများ၏ အကြောင်းအရာကို သင့်အနေဖြင့် ဂရုတစိုက် ဖတ်ရှုရန် ကျွန်ုပ်တို့က လေးလေးနက်နက် အကြံပြုပါသည်။ ဆော့ဖ်ဝဲရေးသားသူ၏ အက်ပ်များနှင့် ဝန်ဆောင်မှုများ၏ အကြောင်းအရာများကို ထိန်းချုပ်ရန် သို့မဟုတ် စိစစ်ဖြတ်တောက်ရန် BINFO တွင် လုပ်ပိုင်ခွင့်မရှိသကဲ့သို့ တာဝန်လည်းမရှိပါ၊ သို့ဖြစ်၍ ၎င်းတို့ကို သင် အသုံးပြုခြင်းကြောင့် သင့်အခွင့်အရေးများကို ချိုးဖောက်ခံရပါက ထိခိုက်နစ်နာဆုံးရှူံးမှု အရပ်ရပ်အတွက် BINFO ကပေးလျော်ရန်တာဝန်မရှိပါ။
BINFO သည် ဆော့ဖ်ဝဲရေးသားသူ၏ အက်ပ်များ သို့မဟုတ် ဝန်ဆောင်မှုများ၏ အကြောင်းအရာ သို့မဟုတ် ရရှိနိုင်မှုအတွက် တာဝန်ယူခြင်းမရှိသည့်အပြင် ဆော့ဖ်ဝဲရေးသားသူများက ရနိုင်အောင် ပြုလုပ်ပေးထားသော အကြောင်းအရာများ၊ ကြော်ငြာ၊ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ သို့မဟုတ် အခြားအချက်အလက်များကို မည်သည့်ပုံစံနှင့်မျှ ထောက်ခံခြင်းတာဝန်ယူခြင်းများ လုံးဝပြု မည်လည်း မဟုတ်ပါ။ ဤသဘောတူညီချက် သို့မဟုတ် ဆော့ဖ်ဝဲရေးသားသူ၏ EULA များ၊ သဘောတူညီချက်များ နှင့်/သို့မဟုတ် သီးသန့်မူဝါဒများကို သင် လိုက်နာခြင်း မရှိပါက ဆော့ဖ်ဝဲရေးသားသူသည် သင့်ကို သက်ဆိုင်မှုရှိသည့်တည်ဆဲဥပဒေများအရ အရေးယူပိုင်ခွင့်ရှိပြီး BINFO သည် ဆော့ဖ်ဝဲရေးသားသူ နှင့်/သို့မဟုတ် သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များကို ကူညီပေးရန် လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ ယင်းကဲ့သို့ ဖြစ်ရပ်များတွင် သင်သည် တရားဥပဒေအရ အပြည့်အဝ တာဝန်ယူရမည်ဖြစ်သည့်အပြင် ယင်းကြောင့် ဆုံးရှုံးမှုများ၊ ထိခိုက်ပျက်စီးမှုများ သို့မဟုတ် ကျွန်ုပ်တို့အပေါ် နစ်နာကြေး တောင်းဆိုမှုများနှင့်စပ်လျဉ်း၍ သင်က BINFO ကို လျော်ကြေးပေးရမည်ဖြစ်ပြီး ယင်းကိစ္စ မှန်သမျှမှ လွတ်ကင်းအောင် ပြုလုပ်ပေးရပါမည်။
ဆော့ဖ်ဝဲရေးသားသူ၏ အက်ပ်များကို ဒေါင်းလုဒ်လုပ်ခြင်း၊ လိုင်စင်ချပေးခြင်း နှင့်/သို့မဟုတ် အသုံးပြုခြင်းကြောင့် ဖြစ်ပွားသော အငြင်းပွားမှုမှန်သမျှကို ဆော့ဖ်ဝဲရေးသားသူက ဖြေရှင်းပေးရမည်ဖြစ်သည်။ ယင်းအတွက် BINFO က မည်သည့်တာဝန်မျှ မယူပါ။ BINFO သည် ပြင်ပ အဖွဲ့အစည်း ဆော့ဖ်ဝဲ သို့မဟုတ် နည်းပညာအတွက် သုံးစွဲသူဆိုင်ရာ မည်သည့်အကူအညီကိုမဆို ပံ့ပိုးပေးခြင်း မရှိပါ။ သင် အကူအညီ လိုအပ်ပါက ဆော့ဖ်ဝဲရေးသားသူကိုသာတိုက်ရိုက်ဆက်သွယ်ရမည်ဖြစ်သည်။
ဆော့ဖ်ဝဲရေးသားသူတိုင်းသည် ၎င်းတို့၏အက်ပ်များ၊ အက်ပ်တွင်ပါဝင်သော အကြောင်းအရာများနှင့် ၎င်းတို့ပေးသည့် အာမခံချက်များအတွက် အပြည့်အဝတာဝန်ယူပါသည်။ အငြင်းပွားမှု တစ်ခု ဖြစ်ပွားလာပါက ဆော့ဖ်ဝဲရေးသားသူ၏ အာမခံ သို့မဟုတ် EULA ၏ အခြားသက်ဆိုင်ရာ စည်းမျဉ်းများ သို့မဟုတ် အဆိုပါ အက်ပ်နှင့် စပ်လျဉ်း၍ သင်နှင့် ဆော့ဖ်ဝဲရေးသားသူအကြား သဘောတူညီထားသော အခြားသဘောတူညီချက်သည် ဤသဘောတူညီချက်ထက်ကျော်လွန်၍ အကျိုးသက်ရောက်မှုရှိရမည်။
၈။ အကောင့် လုံခြုံရေး
သင်သည် သင်၏ BINFO USER ID သုံးစွဲသူအမည် (User ID) နှင့် စကားဝှက် (Password) တို့ကို အထူး လျှို့ဝှက်စွာ ထိန်းသိမ်းထားရမည်ဖြစ်ပြီး၎င်းတို့ကိုအခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှမျှဝေခြင်း၊တနည်းနည်းဖြင့်အသိပေးခြင်း တို့ကိုလုံးဝမပြုရ။ ခိုင်မာသော စကားဝှက်ဖြစ်စေရန် ကျွန်ုပ်တို့က အကြံပြုထားသည့် နည်းလမ်း အတိုင်းစကားဝှက်ကိုဖန်တီးထားရှိရမည်ဖြစ်ပြီး၎င်းစကားဝှက်ကို လုံခြုံစွာ သိမ်းဆည်းထားရန် ကျွန်ုပ်တို့က သင့်ကို အကြံပြုပါသည်။ သင့်စကားဝှက်ကို လုံခြုံအောင် ထိန်းသိမ်းထားရန် သင့်တွင် တာဝန်ရှိပြီး သင်၏ BINFO USER ID အသေးစိတ်ကို ပြင်ပ အဖွဲ့အစည်းသို့ ပေးလိုက်သည့်အတွက် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ၊ ထိခိုက်ပျက်စီးမှုများ၊ ပေးရန်တာဝန်များ သို့မဟုတ် နစ်နာကြေးတောင်းဆိုမှု မှန်သမျှအတွက် ကျွန်ုပ်တို့က မည်သည့် ပေးရန်တာဝန်ကိုမျှ ယူမည်မဟုတ်သည်ကို သင် သဘောတူပါသည်။
တစ်စုံတစ်ယောက်က သင်၏ User Account (သို့မဟုတ်) User ID အချက်အလက်များကို သင့်၏ သဘောဆန္ဒမပါဘဲ ဖြစ်စေ ၊ မတရားသောနည်းလမ်းဖြင့်နည်းပညာအသုံးပြု၍ ဖြစ်စေအသုံးပြုနေသည်ဟု ယူဆပါက (သို့မဟုတ်) သံသယရှိပါက "ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်း" အပိုင်းတွင် ဖော်ပြထားသည့် ဆက်သွယ်ရန် အချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့ကို ချက်ချင်း အသိပေးရပါမည်။ သင်သည် ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲရန် အခြားမည်သူတစ်ဦးတစ်ယောက်၏ BINFO USER ID (သို့မဟုတ်) ကိုမျှ အသုံးမပြုရပါ။ သင်သည် ပြင်ပ အဖွဲ့အစည်းများက သင့် BINFO USER ID အကောင့် အချက်အလက်များနှင့် ငွေလွှဲပြောင်းမှု အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းမှ ကာကွယ်တားဆီးရန် သင့်လျော်သော အဆင့်များကို လုပ်ဆောင်ရပါမည်။ သင့်၏ BINFO USER ID (သို့မဟုတ်) BINFO PLUS USER ID ကို သင်မဟုတ်သော အခြားမည်သူ တစ်ဦးတစ်ယောက်ကိုမျှ အသုံးပြုစေခြင်း၊ တနည်းနည်းဖြင့် လွှဲပြောင်းခြင်းမပြုလုပ်ရ။
၉။ အသုံးပြုမှု စည်းမျဉ်းများ
ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲ၍ အသုံးပြုခြင်းဖြင့် သင်သည် ဥပဒေနှင့်ညီညွတ်ပြီး ကျင့်ဝတ်နှင့် လျော်ညီသည့် ပုံစံအပြင် ဤသဘောတူညီချက်နှင့်အညီလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုပြီး သဘောတူရာ ရောက်ပါသည်။
သင့်တွင် ပို့စ်တင်ခွင့် သို့မဟုတ် လွှဲပြောင်းပေးပို့ခွင့် မရှိသော အကြောင်းအရာ သို့မဟုတ် ယင်းကဲ့သို့ ပို့စ်တင်ခြင်း သို့မဟုတ် လွှဲပြောင်းပေးပို့ခြင်းသည် လျှို့ဝှက်ထိန်းသိမ်းရန် တာဝန် နှင့်/သို့မဟုတ် ပြင်ပ အဖွဲ့အစည်း၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို ချိုးဖောက်ခြင်းနှင့် ကန့်သတ်မထားသော အခြားအရာများအပါအဝင် တရားမဝင်သော လုပ်ဆောင်ချက်များကို ဖြစ်မြောက်စေသော၊ လိင်ပိုင်းဆိုင်ရာ အလွန်အကျူးဖော်ပြထားသော ပုံများကို ပြသထားသော၊ အကြမ်းဖက်မှုကို အားပေးသော၊ ခွဲခြားဆက်ဆံသော၊ တရားမဝင်သော၊ လူပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ပိုင်ဆိုင်မှုတစ်ခုခုကိုဖြစ်စေ ထိခိုက် သို့မဟုတ် ဒဏ်ရာရရှိစေနိုင်သော သို့မဟုတ် ယင်းသို့ဖြစ်ပွားစေသော သို့မဟုတ် သက်ဆိုင်ရာ ဥပဒေများအရ တရားမမှု သို့မဟုတ် ပြစ်မှုဆိုင်ရာ ပေးရန်တာဝန်တစ်ခုခုကို ဖြစ်ပေါ်စေသော အကြောင်းအရာတစ်ခုခုနှင့် ကန့်သတ်မထားသော အခြားအရာများ အပါအဝင် မရိုးဖြောင့်သော၊ အသရေပျက်စေသော၊ မှားယွင်းသော၊ အန္တရာယ်ရှိသော၊ ညစ်ညမ်းသော၊ ချိုးဖောက်သော၊ စိတ်အနှောင့်အယှက်ပေးသော၊ နိုင်ထက်စီးနင်းပြုသော၊ ထိပါးစော်ကားသော၊ မကောင်းသတင်းဖြစ်စေသော၊ အမုန်းပွားသော၊ လှုံ့ဆော်ပေးသော၊ ခြိမ်းခြောက်သော၊ ဥပဒေနှင့် မညီသော၊ ဘာသာရေးကို မထီမဲ့မြင်ပြုသော၊ ညစ်ညမ်းပုံများပါဝင်သော၊ ကိုယ်ပိုင် အချက်အလက်ကို ထိပါးနှောင့်ယှက်သော သို့မဟုတ်ပါက သင်၏ဝန်ဆောင်မှုများ အသုံးပြုမှုနှင့် စပ်လျဉ်း၍ တစ်နည်းနည်းဖြင့် ကန့်ကွက်နိုင်သော အကြောင်းအရာများကို လွှဲပြောင်းပေးပို့ရန် သို့မဟုတ် အခြားတစ်နည်းအားဖြင့် ယင်းကဲ့သို့လုပ်ဆောင်ချက်တစ်ခုခုတွင် ပါဝင်ရန်အတွက် ဝန်ဆောင်မှုများကို အသုံးမပြုရကြောင်းကို သင်က ဤတွင် သိရှိ သဘောတူပါသည်။
ဤသဘောတူညီချက်တွင် အတိအလင်းဖော်ပြထားသည်မှလွဲ၍ သို့မဟုတ် သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားသည်မှလွဲ၍ သင်သည် ဤနေရာတွင် အောက်ပါတို့ကို သဘောတူ၍ ကတိပြုပါသည်-
(က) ဝန်ဆောင်မှုများ၏ မည်သည့်အပိုင်းမှမဆို မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ် သို့မဟုတ် အခြားပိုင်ဆိုင်မှုဆိုင်ရာ အသိပေးချက်များကို မဖယ်ရှားရန် သို့မဟုတ် ၎င်းတို့ကို သင်ပိုင်ဆိုင်သော သို့မဟုတ် အခြားတစ်ယောက်ယောက် ပိုင်ဆိုင်သော အရာအဖြစ် အခြားသူများ ယုံကြည်အောင် မလုပ်ဆောင်ရန်၊
(ခ) ဝန်ဆောင်မှုများ အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ မူပွားခြင်း၊ ပြောင်းလဲမှုများ ပြုလုပ်ခြင်း သို့မဟုတ် မွမ်းမံခြင်း မပြုလုပ်ရန် သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့၏အစိတ်အပိုင်းတစ်ခုခုကို အခြားအစီအစဉ်များတွင် ပေါင်းစည်းခြင်း သို့မဟုတ် ၎င်းတို့တွင် ထည့်သွင်းခြင်းကို ခွင့်မပြုရန်၊
(ဂ) ဝန်ဆောင်မှုများ၏ သွင်ပြင်လက္ခဏာတစ်ခုခု သို့မဟုတ် ၎င်းတို့၏ဆက်စပ် စနစ်များ သို့မဟုတ် ကွန်ရက်များကို ခွင့်ပြုချက် မရဘဲ ဝင်ရောက်မသုံးစွဲရန် သို့မဟုတ် ဝင်ရောက် သုံးစွဲခွင့်ရအောင် မကြိုးပမ်းရန် သို့မဟုတ် ထိခိုက်အောင် မလုပ်ရန် သို့မဟုတ် ထိခိုက်အောင် မကြိုးပမ်းရန်၊
(ဃ) သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားသည့် အတိုင်းအတာထက် ကျော်လွန်၍ ဝန်ဆောင်မှု အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ အခြေခံ၍ စက်ကနားလည်နိုင်သော ဘာသာစကားကို အဆင့်မြင့် ပရိုဂရမ်းမင်းဘာသာစကားတစ်ခုသို့ ပြောင်းခြင်း၊ ပေါင်းစည်းထားသော ကုဒ်ထဲမှ မူရင်းကုဒ်ကို ရယူခြင်း၊ ဝန်ဆောင်မှု၏ လုပ်ဆောင်ပုံများကို လေ့လာ၍ အလားတူဝန်ဆောင်မှုတစ်ခု ကူးချဖန်တီးခြင်း သို့မဟုတ် ကူးယူဆင့်ပွားသော လက်ရာများကို ဖန်တီးခြင်းများ မပြုလုပ်ရန် သို့မဟုတ် ယင်းကဲ့သို့လုပ်ရပ်မှန်သမျှကို ပြုလုပ်ရန်အတွက် မကြိုးပမ်းရန်၊
(င) ဝန်ဆောင်မှုများကို ဖြန့်ဝေခြင်း၊ လိုင်စင်ချပေးခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပြန်လည်ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ လူသိရှင်ကြား ပြသခြင်း၊ လူအများရှေ့တွင် လုပ်ဆောင်ခြင်း၊ လွှဲပြောင်းပေးပို့ခြင်း၊ တိုက်ရိုက်လွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း သို့မဟုတ်ပါက အခြားတစ်နည်းဖြင့် အသုံးချအမြတ်ထုတ်ခြင်း မပြုလုပ်ရန်၊
(စ) ကျွန်ုပ်တို့၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက် မရှိဘဲ (ကွန်ပျူတာက အလွယ်တကူ နားလည်နိုင်သော ညွှန်ကြားချက်ကုဒ်နှင့် ရင်းမြစ်ကုဒ် အပါအဝင်) ဝန်ဆောင်မှုများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးထံသို့ မည်သည့်ပုံစံနှင့်မျှ မပံ့ပိုးရန် သို့မဟုတ် တစ်နည်းနည်းဖြင့် ရနိုင်အောင် မပြုလုပ်ရန်၊
(ဆ) လူပုဂ္ဂိုလ်တစ်ဦးဦးအဖြစ် အယောင်မဆောင်ရန် သို့မဟုတ် သင်၏အဖွဲ့ဝင်ကို လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုအဖြစ် မှားယွင်းမဖော်ပြရန် သို့မဟုတ်ပါက လွဲမှားကိုယ်စားမပြုရန်၊
(ဇ) ဝန်ဆောင်မှုများ (သို့မဟုတ် ၎င်းတို့၏ မည်သည့်အစိတ်အပိုင်း(များ)မဆို) ကို ဥပဒေနှင့် မညီသော အပြုအမူတစ်ခုခုဖြင့်၊ ဥပဒေနှင့် မညီသော ရည်ရွယ်ချက်တစ်ခုခုအတွက် သို့မဟုတ် ဤသဘောတူညီချက်နှင့် မညီသော အပြုအမူတစ်ခုခုဖြင့် အသုံးမပြုရန် သို့မဟုတ် ဝန်ဆောင်မှုများ (သို့မဟုတ် ဝန်ဆောင်မှုများနှင့် ချိတ်ဆက်ထားသော ဝက်ဘ်ဆိုဒ်များ) သို့မဟုတ် လုပ်ဆောင်ချက်စနစ်တစ်ခုခုထဲသို့ ခွင့်ပြုချက် မရဘဲ ဝင်ရောက်သုံးစွဲခွင့် ရယူခြင်း သို့မဟုတ် ၎င်းတို့ထဲသို့ ဗိုင်းရပ်စ်များ သို့မဟုတ် အန္တရာယ်ရှိသော ဒေတာများအပါအဝင် အန္တရာယ်ရှိသော ကုဒ်ကို ထည့်သွင်းခြင်းနှင့် ကန့်သတ်မထားသောအရာများ အပါအဝင် မဟုတ်မမှန်စွာ သို့မဟုတ် အန္တရာယ်ရှိစွာ မလုပ်ဆောင်ရန်၊
(ဈ) ဝန်ဆောင်မှုများကို သင်၏ ဝင်ရောက် သုံးစွဲမှု နှင့်/သို့မဟုတ် အသုံးပြုမှုနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ သို့မဟုတ် ပြင်ပ အဖွဲ့အစည်းတစ်ခုခု၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်များကို မချိုးဖောက်ရန်၊
(ည) အလိုအလျောက် လုပ်ဆောင်သော နည်းလမ်းများ (ဥပမာ၊ အီးမေးလ်လိပ်စာအများအပြားကို စုစည်းရယူသည့် ဆော့ဖ်ဝဲများ) ကို အသုံးပြု၍ သုံးစွဲသူများ၏ အချက်အလက်များကို စုစည်းရယူခြင်း သို့မဟုတ်ပါက အခြားတစ်နည်းနည်းဖြင့် ဝန်ဆောင်မှုများ သို့မဟုတ် ကျွန်ုပ်တို့၏ စနစ်များထဲ ဝင်ရောက် သုံးစွဲခြင်း မပြုရန် သို့မဟုတ် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသော ဆာဗာများသို့ဖြစ်စေ၊ ၎င်းဆာဗာများမှဖြစ်စေ ပေးပို့မှုမှန်သမျှကို ဝှက်စာဖော်ရန်အတွက် မကြိုးစားရန်၊
(ဋ) ဝန်ဆောင်မှုများမှ အချက်အလက်များကို ထုတ်နုတ်ရယူရန် သို့မဟုတ်ပါက အခြားတစ်နည်းနည်းဖြင့် ဝန်ဆောင်မှုများမှ ပရိုဖိုင်းများနှင့် အခြားဒေတာများကို ကူးယူရန်အတွက် ဆော့ဖ်ဝဲ၊ စက်များ၊ ပရိုဂရမ်မင်း ဘာသာစကားများ၊ စက်ရုပ်များ သို့မဟုတ် အခြား နည်းလမ်းများ သို့မဟုတ် (ဝက်ဘ်ကို လေ့လာကြည့်ရှုသည့် ပရိုဂရမ်များ၊ ဘရောက်ဇာ ပလတ်အင်များနှင့် Add-on များ သို့မဟုတ် အခြား နည်းပညာ သို့မဟုတ် ကိုယ်တိုင်လုပ်ဆောင်သော နည်းလမ်းများအပါအဝင်) လုပ်ဆောင်ချက်များကို ဖန်တီးခြင်း၊ ပံ့ပိုးခြင်း သို့မဟုတ် အသုံးပြုခြင်း မပြုရန်၊(ဍ) ကျွန်ုပ်တို့၏ ကြိုတင် သဘောတူညီချက်စာ မရှိဘဲ ဝန်ဆောင်မှုများကို စီးပွားရေးအရ အသုံးချအမြတ်မထုတ်ရန်၊
(ဌ) ဝန်ဆောင်မှု မှတဆင့် လက်ခံရရှိသော နည်းစနစ်နှင့်သတင်းအချက်အလက် များကို ကျွန်ုပ်တို့ မဟုတ်သော မည်သည့် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခု ကိုမျှ စီပွားရေးအကျိုးအမြတ်ရယူရန် ရည်ရွယ်ချက်ဖြင့် တနည်းနည်းဖြင့် အသိပေးခြင်း ၊ အသိပေးရန်အားထုတ်ခြင်း၊ ပံ့ပိုးခြင်း ၊ ပံ့ပိုးရန်အားထုတ်ခြင်း၊ လွှဲပြောင်းခြင်း၊ လွှဲပြောင်းအားထုတ်ခြင်း မပြုလုပ်ရန်၊
(ဎ) လက်နက်များ၊ မူးယစ်ဆေးများ၊ တရားမဝင်ပစ္စည်းများ သို့မဟုတ် အခြားတားမြစ်ထားသော ပစ္စည်းများကို ရောင်းချခြင်းကဲ့သို့ တရားမဝင် စီးပွားရေးလုပ်ငန်းတစ်ခုခုတွင် ပါဝင်ရန်အတွက် ဝန်ဆောင်မှုများကို အသုံးမပြုရန်၊
(ဏ) မည်သည့်နည်းလမ်းဖြင့်မဆို အခြားသူများ လောင်းကစားလုပ်ခြင်းကို အားပေးအားမြှောက် မပြုရန် သို့မဟုတ် လောင်းကစား အချက်အလက်များ ပံ့ပိုးမပေးရန်၊
(တ) ဝင်ရောက်မှု အချက်အလက်များကို တောင်းခံခြင်း သို့မဟုတ် တစ်စုံတစ်ဦး ပိုင်ဆိုင်သော အကောင့်တစ်ခုကို ဝင်ရောက် သုံးစွဲခြင်း မပြုရန်၊
(ထ) ငွေကြေးခဝါချခြင်း၊ တရားမဝင် ငွေကြေးထုတ်ယူမှုများ သို့မဟုတ် ပိရမစ်ပုံစံ ရောင်းချမှုအစီအစဉ်များတွင် ပါဝင်ခြင်း မပြုရန်၊
(ဒ) ဤသဘောတူညီချက် (ယင်းတွင် ပါဝင်သော မည်သည့် အစိတ်အပိုင်း(များ) မဆို) ကို ဖောက်ဖျက်ရန် ကြိုးစားခြင်း၊ ဆောင်ရွက်ပေးခြင်း သို့မဟုတ် အားပေးခြင်း မပြုရန်နှင့်
(ဓ) ဝန်ဆောင်မှုများ၊ ကျွန်ုပ်တို့၏ စနစ်များ သို့မဟုတ် လုံခြုံရေးကို ထိခိုက်စေသော၊ မလုပ်ဆောင်စေနိုင်သော၊ ဝန်ပိစေသော၊ နှောင့်ယှက်သော သို့မဟုတ် အားနည်းစေသော အပြုအမူတစ်ခုခုဖြင့် ဝန်ဆောင်မှုများကို အသုံးမပြုရန် သို့မဟုတ် အခြားသုံးစွဲသူများ သို့မဟုတ် အခြားအဖွဲ့အစည်း၏ ကွန်ပျူတာစနစ်များကို ကြားဖြတ်နှောင့်ယှက်ခြင်း မပြုရန် သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် (အောက်တွင် ဖော်ပြထားသော) ကျွန်ုပ်တို့၏ အကြောင်းအရာများ သို့မဟုတ် ဒေတာများကို ဝင်ရောက်ခိုးယူခြင်း သို့မဟုတ် ခွင့်ပြုချက် မရဘဲ ဝင်ရောက်သုံးစွဲခွင့် ရယူခြင်း မပြုရန်။
၁၀။ ကျွန်ုပ်တို့၏ အကြောင်းအရာများ
ကျွန်ုပ်တို့ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ လိုင်စင်ချပေးသူများသည် အချက်အလက်များ (စာသား၊ ပုံ၊ ဗီဒီယိုနှင့် အသံတို့ ကန့်သတ်ချက်မရှိအပါအဝင် မည်သည့်ပုံစံမဆိုဖြစ်စေ)၊ ပုံများ၊ အိုင်ကွန်များ၊ အက်ပ်များ၊ ဒီဇိုင်းများ၊ ဆော့ဖ်ဝဲ၊ ပရိုဂရမ်မင်း ဘာသာစကားများ၊ ပရိုဂရမ်များ၊ မူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ကုန်အမှတ်တံဆိပ်အမည်များ၊ အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုများမှတစ်ဆင့် သို့မဟုတ် ဝန်ဆောင်မှုများတွင် ရရှိနိုင်သည့် အခြားအကြောင်းအရာများနှင့် ဝန်ဆောင်မှုများ၊ ၎င်းတို့၏ ပုံစံသွင်ပြင်နှင့် လုပ်ဆောင်နိုင်စွမ်းတို့အပါအဝင် (စုစည်း၍ "ကျွန်ုပ်တို့၏ အကြောင်းအရာများ") အတွက်နှင့် ယင်းတို့နှင့်ပတ်သက်သော အခွင့်အရေး၊ ပိုင်ဆိုင်မှုနှင့် အကျိုးအမြတ် အားလုံးကို ထိန်းသိမ်းထားပါသည်။ ကျွန်ုပ်တို့၏ အကြောင်းအရာများကို နိုင်ငံတွင်း ဥပဒေများနှင့် နိုင်ငံတကာ သဘောတူစာချုပ်များအောက်တွင် မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ ဒေတာဘေ့စ်ဆိုင်ရာ အခွင့်အရေးများ၊ တစ်ခုတည်းသော ရပိုင်ခွင့်များနှင့် ဉာဏပစ္စည်းနှင့် လုပ်ငန်းဆိုင်ရာ အခြား သက်ဆိုင်သည့် မူပိုင်ခွင့် ဥပဒေများဖြင့် ကာကွယ်ထားသည်ကို သင် သိရှိပါသည်။ ဤသဘောတူညီချက်တွင် အခြားတစ်နည်းအားဖြင့် သတ်မှတ်ထားခြင်းမရှိပါက ဝန်ဆောင်မှု တစ်ခုခုကို ဝင်ရောက် သုံးစွဲခွင့် နှင့်/သို့မဟုတ် အသုံးပြုခွင့်ပေးခြင်းသည် ဝန်ဆောင်မှုများရှိ သို့မဟုတ် ၎င်းတို့၏အကြောင်းအရာများရှိ သို့မဟုတ် ဝန်ဆောင်မှုများအတွက် သို့မဟုတ် ၎င်းတို့၏ အကြောင်းအရာများအတွက် ပိုင်ဆိုင်မှု သို့မဟုတ် အခြားအခွင့်အရေးများကို သင် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးထံ လွှဲပြောင်းပေးခြင်း မဟုတ်ပါ။
ကျွန်ုပ်တို့၏ အကြောင်းအရာများကို ပြောင်းလဲခြင်း၊ ကူးယူခြင်း၊ ထုတ်နုတ်ရယူခြင်း၊ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် ဖြည့်စွက်ခြင်း သို့မဟုတ် ၎င်းကို ရောင်းချခြင်း၊ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ အကြောင်းအရာများကို တစ်နည်းနည်းဖြင့် အလွဲသုံးစားပြုလုပ်ခြင်းတို့ ပြုလုပ်၍မရနိုင်ပါ။ သင်သည် ကျွန်ုပ်တို့၏ အကြောင်းအရာ တစ်ခုခုကို ပြန်လည်ထုတ်ဝေခြင်း၊ ထုတ်နုတ်ရယူခြင်း၊ မူပွားခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် တစ်နည်းအားဖြင့် အသုံးပြုခြင်း ပြုလုပ်လိုပါက ဤသဘောတူညီချက်တွင် အခြားတစ်နည်းနည်းဖြင့် ရှင်းရှင်းလင်းလင်း ဖော်ပြမထားလျှင် ကျွန်ုပ်တို့ထံ ကြိုတင် ဆက်သွယ်ပြီး ကျွန်ုပ်တို့၏ ကြိုတင်သဘောတူညီချက်စာကို ရယူရပါမည်။ ယင်းသည် မဖြစ်မနေလိုက်နာရမည့် သက်ဆိုင်ရာ ဥပဒေများအရ သင့်တွင် ရှိနေနိုင်သည့် အခွင့်အရေးမှန်သမျှကို ထိခိုက်ခြင်း မရှိပါ။
ဝန်ဆောင်မှုများ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတစ်ခုခုက မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ တီထွင်မှု မူပိုင်ခွင့်၊ အခြားဉာဏပစ္စည်း မူပိုင်ခွင့်ကို ချိုးဖောက်သည်ဟု သင်ယုံကြည်ပါက သို့မဟုတ် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သင့်တွင် အခြား စိုးရိမ်ပူပန်စရာ အကြောင်းကိစ္စများရှိပါက "ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်း" အပိုင်းတွင် ဖော်ပြထားသည့် ဆက်သွယ်ရန် အချက်အလက်ကို အသုံးပြု၍ ကျွန်ုပ်တို့ကို အကြောင်းကြားပါ။
၁၁။ သင်၏ အကြောင်းအရာများ
ကျွန်ုပ်တို့သည် စာသား၊ ဖိုင်များ၊ ပုံများ၊ ဓာတ်ပုံများ၊ ဖန်တီးမှု လက်ရာများ သို့မဟုတ် သင် အပ်လုဒ်လုပ်ထားသော၊ ပို့စ်တင်ထားသော သို့မဟုတ်ပါက အခြားတစ်နည်းဖြင့် ဝန်ဆောင်မှုများသို့ ပေးပို့ထားသော သို့မဟုတ် ယင်းတို့မှတစ်ဆင့် ပေးပို့လိုက်သော အခြားအချက်အလက်မှန်သမျှ (စုစည်း၍ "သင်၏ အကြောင်းအရာများ") အတွက် ပိုင်ဆိုင်ခွင့်ကို တောင်းဆိုမည် မဟုတ်ပါ။ သင်သည် သင်၏ အကြောင်းအရာများအတွက် ပိုင်ဆိုင်ခွင့်ကို ဆက်လက်ထိန်းသိမ်းထားပြီး ၎င်းအတွက် သင့်တွင် အလုံးစုံ တာဝန်ရှိပါသည်။
၁၂။ ဝန်ဆောင်မှုများကို စောင့်ကြည့်စစ်ဆေးခြင်း
ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန်နှင့် တိုးတက်အောင် လုပ်ဆောင်ရန်၊ ဤသဘောတူညီချက်၊ သက်ဆိုင်ရာ ဥပဒေများ၊ တရားရုံး အမိန့်များ သို့မဟုတ် တရားရုံး ညွှန်ကြားချက်များ သို့မဟုတ် အစိုးရဌာနများ၊ ဥပဒေပြဋ္ဌာန်းရေး အာဏာပိုင်များ သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများ၏ ညွှန်ကြားချက်များ သို့မဟုတ် သတ်မှတ်ချက်များကို သင် လိုက်နာကြောင်း သေချာစေရန် ရည်ရွယ်ချက်များအတွက် လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆုံးဖြတ်လိုက်သည့် စီမံဆောင်ရွက်ချက်များကို ကျွန်ုပ်တို့၏ ကိုယ်ပိုင် တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ဖြင့် သင့်ထံ အကြောင်းမကြားဘဲ အချိန်မရွေး လုပ်ဆောင်နိုင်ကြောင်း သင်က သိရှိ သဘောတူပါသည်။ ယင်းတွင် လိမ်လည်မှု ကာကွယ်တားဆီးခြင်း၊ အန္တရာယ် အကဲဖြတ်မှု၊ စုံစမ်းစစ်ဆေးမှုနှင့် သုံးစွဲသူ ကူညီပံ့ပိုးမှု ရည်ရွယ်ချက်များအတွက် စီမံဆောင်ရွက်ချက်များအပြင် အခြားအကန့်အသတ်မရှိ ပါဝင်သည်။
၁၃။ ကိုယ်ပိုင် အချက်အလက်နှင့် ဒေတာ စုဆောင်းမှု
ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးရန်နှင့် သင်၏ ငွေလွှဲပြောင်းမှုများကို သေချာလုံခြုံအောင် ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေး အချက်အလက်များနှင့် နည်းပညာဒေတာများကို ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက်နှင့် အညီ စုစည်းရယူ၍ စီမံဆောင်ရွက်ပါမည်။
၁၄။ ရှင်းလင်းချက်
ဝန်ဆောင်မှုများကို သင် တစ်ဦးတည်းသာ အသုံးပြုရမည်ဖြစ်ပြီး အခြား မည်သည့် ပြင်ပ အဖွဲ့အစည်းကမျှ အသုံးမပြုရပါ။ ဝန်ဆောင်မှုများကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှုကြောင့် ဖြစ်ပွားသည့် ဆုံးရှုံးမှုမှန်သမျှအတွက် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များ၊ အရာရှိများ၊ ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ ကိုယ်စားလှယ်များ၊ ပြင်ပ အဖွဲ့အစည်း ငွေပေးချေ ဝန်ဆောင်မှု ပံ့ပိုးရေးကုမ္ပဏီများ၊ မိတ်ဖက်များ၊ လိုင်စင်ချပေးသူများနှင့် ဖြန့်ချိသူများ (စုစည်း၍ "BINFO အဖွဲ့") တွင် တာဝန်မရှိကြောင်း သင်က သဘောတူပါသည်။
ဝန်ဆောင်မှုများကို ပြုပြင်ထိန်းသိမ်းရန် သို့မဟုတ် အခြား အကူအညီ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် BINFO အဖွဲ့တွင် တာဝန်မရှိပါ။ ကျွန်ုပ်တို့ ထိန်းချုပ်၍ မရနိုင်သော အကြောင်းရင်းများကြောင့် ဝန်ဆောင်မှုများကို သင်၏ သုံးစွဲနိုင်မှုသည် မသိနိုင်သော ကာလတစ်ခုအထိ နှောင့်ယှက်ခံရခြင်း၊ နှောင့်နှေးခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်း ရှိနိုင်ပါသည်။ ထိုသို့သော နှောင့်ယှက်မှုများ၊ နှောင့်နှေးမှုများ၊ ပြတ်တောက်မှုများ သို့မဟုတ် အလားတူ ချွတ်ယွင်းမှုများနှင့် ဆက်စပ်သော သို့မဟုတ် ယင်းကြောင့် ဖြစ်ပွားသော အရာမှန်သမျှအတွက် မည်သည့် နစ်နာကြေး တောင်းဆိုချက်ကိုမျှ BIONFO အဖွဲ့က တာဝန်ယူမည် မဟုတ်ပါ။
သင်နေထိုင်ရာ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားသည့် အမြင့်ဆုံး အတိုင်းအတာအထိ အောက်ပါ အကြောင်းရင်းတစ်ရပ်ရပ်ကြောင့် ဝန်ဆောင်မှုများကို ဝင်ရောက် မသုံးစွဲနိုင်ပါက သို့မဟုတ် အသုံးမပြုနိုင်ပါက ယင်းကြောင့် ပေးရန်တာဝန်ရှိမှုများ၊ ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ သို့မဟုတ် နစ်နာကြေးများအတွက် သင့်ကို ဖြစ်စေ၊ အခြား မည်သူတစ်ဦးတစ်ယောက်ကိုဖြစ်စေ BINFO အဖွဲ့က တာဝန်ယူမည် မဟုတ်ပါ-
(က) စနစ်များ၊ ဆော့ဖ်ဝဲ သို့မဟုတ် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် သို့မဟုတ် အပ်ဒိတ်များ ပြုလုပ်နိုင်ရန် ကျွန်ုပ်တို့က ဝန်ဆောင်မှုများကို ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်စဲခြင်း၊
(ခ) ကျွန်ုပ်တို့မှတစ်ပါး အခြား တစ်စုံတစ်ယောက်က ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းချုပ်ထားသည့် စနစ် သို့မဟုတ် ဆက်သွယ်ရေးကွန်ရက် နှောင့်နှေးမှု သို့မဟုတ် ချွတ်ယွင်းမှု၊
(ဂ) ကျွန်ုပ်တို့နှင့် ဝန်ဆောင်မှုများအပေါ် သက်ရောက်မှုရှိသော ကျွန်ုပ်တို့၏ ပြင်ပ အဖွဲ့အစည်း ငွေပေးချေ ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများကြား စာချုပ် သို့မဟုတ် အခြား သဘောတူညီချက်များကို ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ရပ်စဲခြင်း၊
(ဃ) ခွင့်ပြုချက်မရဘဲ ဝင်ရောက် သုံးစွဲရန် ကြိုးပမ်းမှုများ သို့မဟုတ် အလားတူ လုံခြုံရေး ကျိုးပေါက်မှုများကြောင့် ဖြစ်ပွားသည့် ချို့ယွင်းချက် သို့မဟုတ် အနှောင့်အယှက်ဖြစ်မှု တစ်ခုခု သို့မဟုတ်
(င) ကျွန်ုပ်တို့၏ ကျိုးကြောင်းဆီလျော်သည့် ထိန်းချုပ်နိုင်စွမ်းကို ကျော်လွန်သော အခြား ဖြစ်စဉ် သို့မဟုတ် ဖြစ်ရပ် တစ်ခုခု။
မည်သည်ကိုမျှ ကိုယ်စားပြုခြင်း သို့မဟုတ် ထောက်ခံချက်ပေးခြင်းမရှိဘဲ ဝန်ဆောင်မှုများကို "ရှိရင်းစွဲအတိုင်း" နှင့် "ရရှိနိုင်သည့်အတိုင်း" ပံ့ပိုးပေးထားပါသည်။ သင်၏ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ သက်ဆိုင်ရာဥပဒေများက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ BINFO အဖွဲ့သည် အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖော်ပြထားသည့် အာမခံများ၊ အခြေအနေများ သို့မဟုတ် အခြား သဘောတူညီချက်မှန်သမျှ အားလုံးနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုပြီး အောက်ပါတို့အတွက် မည်သည့်အာမခံမှု၊ တာဝန်ယူမှု၊ ကိုယ်စားပြုမှု သို့မဟုတ် အာမခံပေးမှုကိုမျှ ပြုလုပ်မည် မဟုတ်ပါ-
(က) ဝန်ဆောင်မှုများတွင်ဖြစ်စေ၊ ဝန်ဆောင်မှုများမှတစ်ဆင့် ဖြစ်စေ ရရှိနိုင်သော အကြောင်းအရာမှန်သမျှ၏ ပြီးပြည့်စုံမှု၊ တိကျမှန်ကန်မှု၊ ယုံကြည်စိတ်ချရမှု သို့မဟုတ် အချိန်မီရောက်ရှိမှု၊
(ခ) ဝန်ဆောင်မှုများ သို့မဟုတ် ၎င်းတို့ကို လက်ခံဆောင်ရွက်ပေးနေသော ဆာဗာ(များ)သည် အပြစ်အနာအဆာများ၊ ချို့ယွင်းချက်များ၊ ဗိုင်းရပ်စ်များ၊ ချွတ်ယွင်းချက်များ သို့မဟုတ် အခြားအန္တရာယ်ရှိသော အရာများ ကင်းစင်ကြောင်း၊
(ဂ) ဝန်ဆောင်မှုများ၏ လုပ်ဆောင်ချက် သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းတွင် အပြစ်အနာအဆာများ ရှိပါက ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊
(ဃ) ဝန်ဆောင်မှုများ၏ တိကျသော လုပ်ဆောင်ချက်များ၊ ဝန်ဆောင်မှုများကို သင် အသုံးပြုလိုက်သည့် သို့မဟုတ် ဝင်ရောက် သုံးစွဲလိုက်သည့် ရလဒ်အနေဖြင့် ရရှိလာသော အချက်အလက်မှန်သမျှ၏ ယုံကြည်စိတ်ချရမှု၊ အရည်အသွေး သို့မဟုတ် တိကျမှန်ကန်မှုတို့ကို အာမခံပေးနိုင်ကြောင်း၊
(င) ဝန်ဆောင်မှုများ၏ လုံခြုံရေး သို့မဟုတ် ချို့ယွင်းချက်ကင်းစင်မှုနှင့်
(စ) ဝန်ဆောင်မှုများ၏ ယုံကြည်စိတ်ချရမှု၊ အရည်အသွေး၊ တိကျမှန်ကန်မှု၊ ရရှိနိုင်မှု သို့မဟုတ် သင့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှု၊ အချက်အလက်အချို့ ပံ့ပိုးပေးနိုင်မှု သို့မဟုတ် အချို့သော ရလဒ်များ သို့မဟုတ် အကျိုးဆက်များ ရရှိနိုင်မှု။
ဝန်ဆောင်မှုများ သို့မဟုတ် သင် (သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး) က ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲမှု နှင့်/သို့မဟုတ် အသုံးပြုမှုမှတစ်ဆင့် ရရှိလာသော အခြားအချက်အလက် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ယုံကြည်အားထားခြင်း၊ အသုံးပြုခြင်း သို့မဟုတ် အဓိပ္ပါယ်ကောက်ယူခြင်းကြောင့် ဖြစ်ပွားသော သင်၏ ဆုံးရှုံးနစ်နာမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုမှန်သမျှအတွက် BINFO အဖွဲ့တွင် တာဝန်မရှိပါ။
အချို့သော နိုင်ငံများ၏ ဥပဒေများသည် အချို့သော အာမခံပေးမှုများ၊ တာဝန်ယူမှုများ၊ ကိုယ်စားပြုမှုများ သို့မဟုတ် အာမခံများနှင့်စပ်လျဉ်းသည့် ပေးရန်တာဝန်ကို စာချုပ်ထဲတွင် ခြွင်းချန်ထားခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို ခွင့်မပြုပါ။ ယင်းဥပဒေများသည် သင့်အပေါ် သက်ရောက်ပါက အထက်ပါခြွင်းချန်မှု သို့မဟုတ် ကန့်သတ်မှု အချို့ သို့မဟုတ် အားလုံးသည် သင့်အပေါ် သက်ရောက်မှုမရှိနိုင်သည့်အပြင် သင့်တွင် ထပ်ဆောင်းအခွင့်အရေးများလည်း ရှိနိုင်ပါသည်။ သုံးစွဲသူတစ်ဦးအဖြစ် သင် တရားဝင် ခံစားခွင့်ရှိသော သို့မဟုတ် သင့်အနေဖြင့် ပြောင်းလဲရန် သို့မဟုတ် စွန့်လွှတ်ရန် စာချုပ်အရ သဘောမတူနိုင်သော သင်၏အခွင့်အရေးများအပေါ် ဤသဘောတူညီချက်ထဲရှိ မည်သည့်အချက်ကမျှ ထိခိုက်စေမည် မဟုတ်ပါ။
၁၅။ ပေးရန်တာဝန် ကန့်သတ်ခြင်း
သင်၏ တရားစီရင်ပိုင်ခွင့်နယ်မြေရှိ သက်ဆိုင်ရာဥပဒေများက ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲမှုနှင့် အသုံးပြုမှုကြောင့် ဖြစ်လာမည့် အန္တရာယ်ကို သင်တစ်ဦးတည်းကသာ တာဝန်ယူရမည်ဖြစ်ပြီး BINFO အဖွဲ့သည် အောက်ပါအကြောင်းရင်း တစ်ခုခုအတွက် စာချုပ်၊ တရားမနစ်နာမှု (ပေါ့ဆမှု အပါအဝင်) တွင်ဖြစ်စေ သို့မဟုတ် အခြားအယူအဆအရဖြစ်စေ သင် သို့မဟုတ် အခြားသူတစ်ဦးဦးကြောင့်ဖြစ်ပွားသော ပေးရန်တာဝန်၊ ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု အားလုံးကို အတိအလင်း ချန်လှပ်ထားပါသည်-
(က) အကျိုးအမြတ် ဆုံးရှုံးမှု၊ ဝင်ငွေဆုံးရှုံးမှု၊ လုပ်ငန်းဝင်ငွေ ဆုံးရှုံးမှု၊ ဒေတာ ဆုံးရှုံးမှု သို့မဟုတ် ဂုဏ်သတင်း ဆုံးရှုံးမှုနှင့်
(ခ) ထူးခြားသော၊ သွယ်ဝိုက်သော သို့မဟုတ် အကျိုးဆက်ဖြစ်သော ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု။
ဖြစ်ပေါ်လာသော ဆုံးရှုံးမှုတစ်ခုခု၏ ဖြစ်လာနိုင်မှုကို ကျွန်ုပ်တို့အား အသိပေးထားသည်ဖြစ်စေ၊ မပေးထားသည်ဖြစ်စေ သို့မဟုတ် ကျွန်ုပ်တို့က သတိမူမိသည်ဖြစ်စေ၊ မမူမိသည်ဖြစ်စေ ဤသဘောတူညီချက်ရှိ ကန့်သတ်ချက်များနှင့် ခြွင်းချန်မှုများက သက်ရောက်မှုရှိပါသည်။
သင်သည် ဝန်ဆောင်မှုများ၏ လက္ခဏာရပ်တစ်ခုခုကို မည်သည့်အချိန်တွင်မဆို စိတ်တိုင်းမကျပါက သင်၏ တစ်ခုတည်းသော သီးသန့် ကုစားဖြေရှင်းရန်နည်းလမ်းမှာ ဝန်ဆောင်မှုများကို ဝင်ရောက် သုံးစွဲခြင်းနှင့် အသုံးပြုခြင်းအား ရပ်တန့်လိုက်ရန်ပင် ဖြစ်ပါသည်။ ယခင်ဖော်ပြခဲ့ပြီးသော ကန့်သတ်ချက်များကို ထိခိုက်မှုမရှိစေဘဲ သင်၏ တရားစီရင်ပိုင်ခွင့်နယ်မြေအတွင်းရှိ သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားသော အမြင့်ဆုံးအတိုင်းအတာအထိ စာချုပ်၊ တရားမ နစ်နာမှု (ပေါ့ဆမှု အပါအဝင်) အရဖြစ်စေ၊ အခြားအယူအဆတစ်ခုခုအရဖြစ်စေ မည်သည့်ဖြစ်စဉ်မျိုးတွင်မဆို နစ်နာကြေးတောင်းဆိုမှုများ၊ တရားစွဲဆိုခြင်းများ၊ ပေးရန်တာဝန်များ၊ တာဝန်ဝတ္တရားများ၊ ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများနှင့် ကုန်ကျစရိတ်များအတွက် သင် သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦးအပေါ် BINFO အဖွဲ့သည် စုစုပေါင်း စုပေါင်းပေးလျော်ရန်တာဝန်အနေဖြင့် မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ထက် ကျော်လွန်ပြီး ပေးလျော်မည် မဟုတ်ပါ။ ဤသဘောတူညီချက်ထဲတွင် ဖော်ပြထားသော ရှင်းလင်းချက်များနှင့် ပေးရန်တာဝန် ကန့်သတ်ချက်များသည် မျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိကြောင်း သင်က သိရှိ သဘောတူပါသည်။
အချို့သော နိုင်ငံများ၏ ဥပဒေများသည် အထက်တွင် ဖော်ပြထားသော ကန့်သတ်ချက်နှင့် ခြွင်းချန်မှု အချို့ သို့မဟုတ် အားလုံးကို ခွင့်မပြုပါ။ ယင်းဥပဒေများသည် သင့်အပေါ် သက်ရောက်ပါက အထက်ပါ ကန့်သတ်မှုအချို့ သို့မဟုတ် အားလုံးသည် သင့်အပေါ် သက်ရောက်မှုမရှိနိုင်သည့်အပြင် သင့်တွင် ထပ်ဆောင်းအခွင့်အရေးများလည်း ရှိနိုင်ပါသည်။ သုံးစွဲသူတစ်ဦးအဖြစ် သင် တရားဝင် ခံစားခွင့်ရှိသော သို့မဟုတ် သင့်အနေဖြင့် ပြောင်းလဲရန် သို့မဟုတ် စွန့်လွှတ်ရန် စာချုပ်အရ သဘောမတူနိုင်သော သင်၏အခွင့်အရေးများအပေါ် ဤသဘောတူညီချက်ထဲရှိ မည်သည့်အချက်ကမျှ ထိခိုက်စေမည် မဟုတ်ပါ။
၁၆။ သင်က ရပ်စဲလိုက်ခြင်း
သင့်အကောင့် ဆက်တင်များမှတစ်ဆင့်ဖြစ်စေ၊ ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ရပ်ဆိုင်းခြင်းဖြင့် ဖြစ်စေ ဤသဘောတူညီချက်ကို ရပ်စဲနိုင်ပါသည်။ ဝန်ဆောင်မှုများ အသုံးပြုခြင်းကို ရပ်ဆိုင်း အခါ သင့်အကြောင်း အရာ၊ သင့်ကိုယ်ရေး အချက်အလက်များနှင့် နည်းပညာဒေတာများ ကို ရပ်ဆိုင်းသည့်နေမှစတင်၍ ရက်ပေါင်း (၃၀) ထိန်းသိမ်းထားမည်ဖြစ်ပြီး ရက်ပေါင်း (၃၀) ကျော်လျှင် အပြီးတိုင် ပယ်ဖျက်မည်။
၁၇။ ကျွန်ုပ်တို့က ရပ်စဲခြင်း သို့မဟုတ် ဆိုင်းငံ့ထားခြင်း
သက်ဆိုင်ရာ ဥပဒေများအရ ကျွန်ုပ်တို့က ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် ပြင်ပအဖွဲ့အစည်းတစ်ခုခုအတွက် တာဝန်ယူခြင်းမရှိဘဲ ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးကို သင်၏ ဝင်ရောက် သုံးစွဲခွင့်အား ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ အချိန်မရွေး ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း၊ ကန့်သတ်ချက်များ ထားရှိခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းသို့ မလုပ်ဆောင်မီ ကျွန်ုပ်တို့သည် သင့်ကို အသိပေးရန် ကြိုးစား ဆောင်ရွက်ပါမည်။ သို့သော် သင့်ထံ ကြိုတင် အသိပေးချက် ပေးပို့ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိမည် မဟုတ်သည့်အပြင် ဝန်ဆောင်မှုများ၏ တစ်စိတ်တစ်ပိုင်း သို့မဟုတ် အားလုံးသို့ သင်၏ ဝင်ရောက် သုံးစွဲခွင့်ကို အပြီးတိုင်ဖြစ်စေ၊ ယာယီဖြစ်စေ ကန့်သတ်ချက်များ ချက်ချင်း ထားရှိခြင်း၊ ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ လုပ်ဆောင်နိုင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အောက်ပါတို့ အပါအဝင် ကန့်သတ်မထားသော အခြေအနေများအရ သင်၏ ဝန်ဆောင်မှုများသို့ ဝင်ရောက် သုံးစွဲခွင့်ကို ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ကန့်သတ်ချက်များ ထားရှိခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ကို အချိန်မရွေး ပြုလုပ်နိုင်သည်-
(က) ဤတွင် ပေါင်းစည်းဖော်ပြထားသော သဘောတူညီချက်များ၊ မူဝါဒများ သို့မဟုတ် လမ်းညွှန်ချက်များ အပါအဝင် ဤသဘောတူညီချက်ကို သင် ချိုးဖောက်ပါက သို့မဟုတ် ချိုးဖောက်တော့မည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါက၊
(ခ) သင် သို့မဟုတ် သင့်ကိုယ်စားဆောင်ရွက်သော တစ်စုံတစ်ဦးက မဟုတ်မမှန်စွာ သို့မဟုတ် တရားမဝင်စွာ ပြုမူဆောင်ရွက်ပါက သို့မဟုတ် မှားယွင်းသော သို့မဟုတ် နားလည်မှုလွဲမှားစေသော အချက်အလက်များကို ကျွန်ုပ်တို့ထံ ပံ့ပိုးပါက၊
(ဂ) တရားဝင် ဥပဒေရေးရာကိစ္စရပ်အောက်တွင် ဥပဒေစိုးမိုးရေး ရဲအရာရှိများ သို့မဟုတ် အခြားအစိုးရဌာနများ၏ တောင်းဆိုချက်များကို တုံ့ပြန်ရန်လိုအပ်ပါက၊
(ဃ) စနစ်များ သို့မဟုတ် ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ အရေးပေါ် ပြုပြင်ထိန်းသိမ်းမှု သို့မဟုတ် အရေးပေါ် အပ်ဒိတ်များ ဆောင်ရွက်ရန် လိုအပ်လာပါက သို့မဟုတ်
(င) မျှော်လင့်မထားသော နည်းပညာ၊ ဘေးကင်းရေး၊ လုပ်ငန်း သို့မဟုတ် လုံခြုံရေး အကြောင်းရင်းများကြောင့်၊
ဤသဘောတူညီချက် သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် ၎င်းကို ရပ်စဲခြင်းသည် ဖော်ပြပါ ဤသဘောတူညီချက် သက်တမ်းကုန်ဆုံးပြီးနောက် သို့မဟုတ် ရပ်စဲပြီးသည့် နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ရန် သို့မဟုတ် အကျိုးသက်ရောက်မှုရှိရန် အတိအလင်းဖော်ပြထားသည့် ဤသဘောတူညီချက်၏ စည်းကမ်းချက်များအပေါ် ထိခိုက်မည်မဟုတ်သည့်အပြင် ပြဋ္ဌာန်းထားပြီးဖြစ်သော အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများ သို့မဟုတ် ယင်းကဲ့သို့ သက်တမ်းကုန်ဆုံးပြီးနောက်တွင်ပင် သို့မဟုတ် ရပ်စဲပြီးနောက်တွင်ပင် ဆက်လက်တည်ရှိနေစေရန် ရည်ရွယ်ထားသော အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများကို ထိခိုက်စေမည်မဟုတ်ပါ။
ဤသဘောတူညီချက်ကို ရပ်စဲလိုက်သည့်တိုင် ဆက်လက်တည်ရှိနေစေရန် ပင်ကိုအားဖြင့် ဖြစ်စေ၊ ပြည့်စုံရှင်းလင်းစွာ ဖော်ပြ၍ဖြစ်စေ ရည်ရွယ်ထားသော ဤသဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များသည် သဘောတူညီချက်ကို ရပ်စဲလိုက်ပြီး ဖြစ်သော်ငြားလည်း အဆိုပါ ပြဋ္ဌာန်းချက်များကို ဖြည့်ဆည်းဆောင်ရွက်ပြီးသည့် အချိန်အထိ သို့မဟုတ် ၎င်းတို့၏ ပင်ကိုသဘောသဘာဝအရ သက်တမ်းကုန်ဆုံးသွားသည့်အချိန်အထိ အပြည့်အဝ ဆက်လက်အကျုံးဝင်နေမည်ဖြစ်ပြီး ထိုသို့ ရပ်စဲပြီးနောက်ပိုင်းတွင်လည်း သက်ရောက်မှု ရှိနေရမည်။
၁၈။ ဤသဘောတူညီချက်တွင် ပြောင်းလဲမှုများ
ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို စဉ်ဆက်မပြတ် အပ်ဒိတ်လုပ်ပြီး၊ ပြောင်းလဲကာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ဝန်ဆောင်မှုများတွင် လုပ်ဆောင်နိုင်စွမ်းများ သို့မဟုတ် လုပ်ဆောင်ချက်များကို ထပ်ထည့်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း၊ ကန့်သတ်ချက်အသစ်များ ဖန်တီးခြင်း သို့မဟုတ် ဝန်ဆောင်မှုကို ယာယီဖြစ်စေ၊ အပြီးတိုင်ဖြစ်စေ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ဤသဘောတူညီချက်ကို အချိန်မရွေး ပြောင်းလဲနိုင်ပြီး ကျွန်ုပ်တို့ ဝန်ဆောင်မှုများ၏ တိကျသော အပိုင်းတစ်ခု၊ အပိုင်းများ သို့မဟုတ် အားလုံးအပေါ် သက်ရောက်မှုရှိသော ထပ်ဆောင်း စည်းမျဉ်းများ၊ ကျင့်ဝတ်စည်းမျဉ်းများ သို့မဟုတ် လမ်းညွှန်ချက်များကိုလည်း အသိပေးဖော်ပြနိုင်ပါသည်။
ဝန်ဆောင်မှုများ သို့မဟုတ် ဤသဘောတူညီချက်တွင် သုံးစွဲသူများကို ပစ္စည်းပိုင်းဆိုင်ရာအရ ထိခိုက်စေမည့် သို့မဟုတ် ဝန်ဆောင်မှုများကို ၎င်းတို့၏ ဝင်ရောက် သုံးစွဲခွင့် သို့မဟုတ် သုံးစွဲမှုကို ပစ္စည်းပိုင်းဆိုင်ရာအရ ကန့်သတ်လိုက်မည့် ပြောင်းလဲမှုများ မပြုလုပ်မီ သင့်လျော်သော အချိန်ကာလအတွင်း သင့်ကို ကြိုတင် အကြောင်းကြားပါမည်။ သုံးစွဲသူများကို ပစ္စည်းပိုင်းဆိုင်ရာအရ ထိခိုက်မည်မဟုတ်သော သို့မဟုတ် အကျိုးယုတ်စေမည်မဟုတ်သော သို့မဟုတ် ဝန်ဆောင်မှုများကို ၎င်းတို့၏ ဝင်ရောက် သုံးစွဲခွင့် သို့မဟုတ် သုံးစွဲမှုကို ပစ္စည်းပိုင်းဆိုင်ရာအရ ကန့်သတ်မည်မဟုတ်သော ဝန်ဆောင်မှုများတွင် ပြောင်းလဲမှုများ သို့မဟုတ် ဤသဘောတူညီချက်တွင် မွမ်းမံပြင်ဆင်မှုများနှင့် ပတ်သက်၍ သင့်ကို ကြိုတင် အကြောင်းကြားနိုင်မည် မဟုတ်ပါ။ လုံခြုံရေး၊ ဘေးကင်းရေး၊ ဥပဒေဆိုင်ရာ သို့မဟုတ် စည်းကမ်းထိန်းသိမ်းမှုပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီအောင် ဝန်ဆောင်မှုများတွင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် လိုအပ်ပါက ကျွန်ုပ်တို့သည် အထက်ပါ အချိန်အတိုင်းအတာများအတိုင်း ကိုက်ညီအောင် လုပ်ဆောင်နိုင်မည်မဟုတ်ဘဲ လက်တွေ့ဆောင်ရွက်နိုင်သည်နှင့်ချက်ချင်း ဤပြောင်းလဲမှုများအကြောင်း သင့်ကို အမြန်ဆုံး အသိပေးသွားပါမည်။
၁၉။ အထွေထွေ စည်းမျဉ်းများ
ဝန်ဆောင်မှုများ သို့မဟုတ် ပြင်ပ အဖွဲ့အစည်းများသည် အခြားဝက်ဘ်ဆိုဒ်များ သို့မဟုတ် ရင်းမြစ်များအတွက် လင့်ခ်များကို ပံ့ပိုးပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် ယင်းကဲ့သို့ ပြင်ပဝက်ဘ်ဆိုဒ်များ သို့မဟုတ် ရင်းမြစ်များကို ရရှိနိုင်မှုအတွက် တာဝန်မခံကြောင်းနှင့် ယင်းဝက်ဘ်ဆိုဒ်များ သို့မဟုတ် ရင်းမြစ်များတွင် သို့မဟုတ် ၎င်းတို့မှ ရနိုင်သော အကြောင်းအရာ၊ ကြော်ငြာ၊ ကုန်ပစ္စည်းများ သို့မဟုတ် အခြားအချက်အလက်များအတွက် ထောက်ခံချက်ပေးမည် မဟုတ်သလို ၎င်းတို့အတွက် တာဝန်ယူမည် သို့မဟုတ် ပေးရန်တာဝန်ယူမည် မဟုတ်ကြောင်း သင်က သိရှိ သဘောတူပါသည်။ ထပ်မံ၍ ယင်းကဲ့သို့သော ဝက်ဘ်ဆိုဒ် သို့မဟုတ် ရင်းမြစ်တစ်ခုခုတွင် သို့မဟုတ် ယင်းတို့မှတစ်ဆင့် ရနိုင်သည့် အကြောင်းအရာ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုမှန်သမျှကို အသုံးပြုမှု သို့မဟုတ် အားထားမှုကြောင့် သို့မဟုတ် ၎င်းတို့နှင့် ဆက်စပ်၍ ဖြစ်ပွားသော သို့မဟုတ် ဖြစ်ပွားသည်ဟု စွပ်စွဲခံရသော ထိခိုက်ပျက်စီးမှုများ သို့မဟုတ် ဆုံးရှုံးမှုမှန်သမျှအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကျွန်ုပ်တို့က တာဝန်ယူမည် သို့မဟုတ် ပေးရန်တာဝန်ယူမည် မဟုတ်ကြောင်း သင်က သိရှိ သဘောတူပါသည်။
ဤသဘောတူညီချက်ရှိ မည်သည့်အကြောင်းအရာကိုမျှ သင်နှင့် ကျွန်ုပ်တို့ကြား မိတ်ဖက်ပြုမှု သို့မဟုတ် ကိုယ်စားလှယ်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေးတစ်ခုကို ဖန်တီးမှုဟု အဓိပ္ပါယ်ကောက်ယူရမည် မဟုတ်သည့်အပြင် မည်သည့်အဖွဲ့ကမျှ အခြားသူ၏ အမည်ဖြင့်ဖြစ်စေ၊ အခြားသူကိုယ်စားဖြစ်စေ ပေးလျော်ရန် တာဝန်၊ ကြွေးမြီ သို့မဟုတ် ကုန်ကျစရိတ်မှန်သမျှကို ခံယူရန် အခွင့်အရေး သို့မဟုတ် လုပ်ပိုင်ခွင့် မရှိရပါ သို့မဟုတ် စာချုပ်များ သို့မဟုတ် အခြား သဘောတူညီမှုများ လုပ်ဆောင်ခြင်း မပြုရပါ။
ကျွန်ုပ်တို့သည် ဤသဘောတူညီချက်အရ ကျွန်ုပ်တို့၏ အခွင့်အရေးများ နှင့်/သို့မဟုတ် တာဝန်ဝတ္တရားမှန်သမျှကို လုပ်ပိုင်ခွင့် လွှဲပြောင်းခြင်း၊ တစ်ဆင့်ခံ စာချုပ်ချုပ်ဆိုခြင်း သို့မဟုတ် အစားထိုးခြင်းတို့ ပြုလုပ်နိုင်ပြီး ထိုကဲ့သို့ ရည်ရွယ်ချက်အတွက် လိုအပ်သော သို့မဟုတ် အလိုရှိသော စာရွက်စာတမ်းမှန်သမျှကို ချက်ချင်းဆောင်ရွက်ပေးရန် သင်က သဘောတူပါသည်။
ဤသဘောတူညီချက်၏ ပြဋ္ဌာန်းချက်တစ်ခုခု (သို့မဟုတ် ပြဋ္ဌာန်းချက်တစ်ခု၏ တစ်စိတ်တစ်ပိုင်း) ကို လုပ်ပိုင်ခွင့်ရှိသော တရားစီရင်ပိုင်ခွင့်နယ်မြေရှိ တရားရုံးတစ်ခု သို့မဟုတ် အခြားလုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုက ပယ်ဖျက်ခြင်း၊ တရားမဝင်စေခြင်း သို့မဟုတ် ပြဋ္ဌာန်းမရစေခြင်း ပြုလုပ်ထားကြောင်း တွေ့ရှိပါက ၎င်းကို ဤသဘောတူညီချက်ထဲမှ ပယ်ဖျက်လိုက်သည်ဟု မှတ်ယူပြီး ဤသဘောတူညီချက်၏ အခြားပြဋ္ဌာန်းချက်အားလုံးသည် ဆက်လက်၍ အပြည့်အဝ အာဏာတည်ကာ လွှမ်းမိုးသော ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ခြင်း၊ တရားမဝင်စေခြင်း သို့မဟုတ် ပြဋ္ဌာန်းမရစေခြင်း မပြုလုပ်သေးသရွေ့ ကျန်ရှိသည့် ပြဋ္ဌာန်းချက်များသည် ဆက်လက်တည်ရှိနေပြီး အကျိုးသက်ရောက်မှု ရှိရမည်။
ဤသဘောတူညီချက်သည် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သင်နှင့် ကျွန်ုပ်တို့အကြား အလုံးစုံသော သဘောတူညီမှုဖြစ်ပြီး ဤသဘောတူညီချက်တွင် မပါဝင်သည့် ကိုယ်စားပြုခြင်း၊ အာမခံခြင်း သို့မဟုတ် တာဝန်ယူဆောင်ရွက်ခြင်းတို့အပေါ် အားထားယုံကြည်၍ ဤသဘောတူညီချက်ကို ယုံကြည်စိတ်ချစွာ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း သို့မဟုတ် ထိုသို့လုပ်ဆောင်ရန် ဆွဲဆောင်တိုက်တွန်းခံခဲ့ရခြင်း မဟုတ်ကြောင်း သင်က သိရှိ သဘောတူပါသည်။
၂၀။ လိုက်နာဆောင်ရွက်ရမည့် ဥပဒေများနှင့် တရားစီရင်ပိုင်ခွင့်နယ်မြေ
ဤသဘောတူညီချက်ကို ပြဋ္ဌာန်းခြင်း၊ အဓိပ္ပါယ်ကောက်ယူခြင်းနှင့် အကျိုးသက်ရောက်စေခြင်းနှင့် ၎င်းတို့ (စာချုပ်နှင့် မသက်ဆိုင်သော အငြင်းပွားမှုများ သို့မဟုတ် နစ်နာကြေးတောင်းဆိုမှုများ အပါအဝင်) မှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းတို့နှင့် စပ်လျဉ်းသော အငြင်းပွားမှု သို့မဟုတ် နစ်နာကြေးတောင်းဆိုမှုများကို အိုင်ယာလန် ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ကောက်ယူမည် ဖြစ်သည်။ သက်ဆိုင်ရာ ဥပဒေများက အခြားတစ်နည်းနည်းဖြင့် ပြဋ္ဌာန်းမထားပါက ဤသဘောတူညီချက်မှ ပေါ်ပေါက်လာသော သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသော အငြင်းပွားမှု၊ နစ်နာကြေးတောင်းဆိုမှု၊ အရေးယူဆောင်ရွက်မှု သို့မဟုတ် တရားစွဲဆိုမှုများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တရားရုံးများတွင် ကြားနာ၊ ဆုံးဖြတ်ရန် သီးသန့် တရားစီရင်ပိုင်ခွင့်ရှိကြောင်း သင်နှင့် ကျွန်ုပ်တို့က သဘောတူပါသည်။ သို့သော် ယင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံပြင်ပတွင် တရားစွဲဆိုမှုများ ပြုလုပ်ရန် ကျွန်ုပ်တို့ကို ဟန့်တားမှု မဖြစ်စေပါ။
၂၁။ ကျွန်ုပ်တို့ကို ဆက်သွယ်ခြင်း
ဤသဘောတူညီချက်နှင့် စပ်လျဉ်း၍ သင့်တွင် မေးမြန်းလိုသည်များ ရှိပါက အောက်ပါအချက်အလက်ကို အသုံးပြုပြီး ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ-
အီးမေးလ်- info.earthlike@gmail.com
Copyright © 2024 BINFO - All Rights Reserved.
Earthlike Ltd.